မုံရွာချင်းတွင်းတံတားအောက် ရေယာဉ်နှစ်စီးတိုက်မိ နှစ်ဦးအလောင်းရှာတွေ့၊ သုံးဦးပျောက်ဆုံးနေ
မုံရွာ ၂၆ မေ
မုံရွာမြို့ ချင်းတွင်းတံတားအောက်တွင် ကုန်တင်ဖလက်သင်္ဘောအား ဖောင်ဆွဲမော်တော်မှ ဝင်တိုက်ခဲ့ရာ မော်တော်ပေါ်ပါသူ နှစ်ဦးအလောင်းရှာတွေ့ပြီး သုံးဦးပျောက်ဆုံးနေကြောင်း အလုံရဲကင်း စခန်းမှ သိရသည်။