(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၁၅)ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒရဝတီပွဲတော်ကွင်းတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ကျင်းပသွားမည် ဖြစ်သည်။
သာစွဌာနီ ကန္ဒရဝတီ

နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများ ရောင်းချပေးနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှု အထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲ စတင် ကျင်းပ
ပြိုင်ပွဲ ပထမနေ့အနေဖြင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့ (၁၆) ဖွဲ့ တို့မှ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြသည်။
ကျိုင်းတောင်းရေတံခွန်နှင့် ကျိုင်းတောင်းရေအားလျှပ်စစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင်တည်ရှိသည့် ကျိုင်းတောင်းမြို့လေးနှင့် နမ့်တိန်းချောင်းတို့သည် မိုင်းကိုင်နယ်မှ စတင်မြစ်ဖျားခံကာ လဲချား၊ နမ့်စန်၊ မိုးနဲ၊ ကျိုင်းတောင်း၊ လင်းခေးဒေသများအား ကြည်လင်အေးမြစွာဖြင့် ဖြတ်သန်းစီးဆင်းပြီး သံလွင်မြစ်အတွင်းသို့ ပေါင်းစပ်စီးဝင်သွားသည်။
မင်္ဂလာပါ နာဂမြေ
နာဂတောင်တန်းဒေသသည် မြန်မာပြည်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ နယ်စပ်တွင်ရှိသော ဒေသဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော ဒေသကြီးငါးခုရှိရာ နာဂဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသော ဒေသတစ်ခုအဖြစ်ပါဝင်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီးမြို့(ပင်လယ်ရေ မျက်နှာပြင်အထက် ၄၄၄၃ ပေ)၊ လဟယ်မြို့ (ပင်လယ် ရေမျက်နှာပြင်အထက် ၄၃၁၃ ပေ)၊နန်းယွန်းမြို့ (ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၁၁၀ဝ) တို့ပါဝင်သည်။