ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဒုတိယနေ့အခမ်းအနား တက်ရောက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်းများ အသင်းတို့ ဦးဆောင်ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကြီးကိုရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ ဖေဖော်ဝါရီ (၁) ရက်မှ (၇)ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာယနေ့ဒုတိယနေ့တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာသူပြည်သူများ၊ တိုင်းရင်းသားအဆိုရှင်များ၊ ရိုးရာယဉ်ကျေးမှုများ၊ ညပိုင်းဖျော်ဖြေရေး အစီအစဉ်များဖြင့် အထူးစည်ကားလျက်ရှိသည်။


