လက်ရှိချန်ပီယံမန်စီးတီးအသင်း ဝက်စ်ဟမ်းကိုရှုံးပြီး ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရ ဘရန့်ဖို့ဒ်၊ စပါး၊ လီဗာပူး၊ လက်စတာအသင်းတို့ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့
ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် နံနက် ပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင် ဝက်စ်ဟမ်းအသင်းကငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိကာ ကာရာဘောင်ဖလားပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။


