ဆူဇူကီးဖလားခြေစစ်ပွဲမှ ဘရူနိုင်းနုတ်ထွက်ခဲ့သဖြင့် မြန်မာအသင်းပါဝင်သောအုပ်စုသို့ တီမောအသင်း ကျရောက်
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲမှ ဘရူနိုင်းအသင်း နုတ်ထွက် ခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ ဘရူနိုင်းအသင်း နုတ်ထွက်ခဲ့သဖြင့် တီမောအသင်း ခြေစစ်ပွဲအောင်မြင်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု (A) သို့ ကျရောက်ခဲ့သည်။


