ဟိုပုံး၊ ဆီဆိုင်၊ ငဖဲနှင့် မင်းလှမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၉ ဒသမ ၅ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ ထီဆွေးကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် အကွာ၌ အမြင့်ပေ ၄ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့သည်။


