အင်တာပိုအကြီးအကဲဟောင်းအား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်

၂၂ ဇန်နဝါရီ

 

တရုတ်နိုင်ငံတရားရုံးတစ်ရုံးမှ အင်တာပိုအကြီးအကဲဟောင်း မန်ဟောင်ဝမ် အား လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ခွဲချမှတ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်တွင် အင်တာပိုဌာနချုပ်ရုံးစိုက်သော ပြင်သစ်မှ တရုတ်နိုင်ငံသို့ ခေတ္တပြန်လာသော မန်ဟောင်ဝမ်အား ထိန်းသိမ်းထားခဲ့ပြီးနောက် လာဘ်ပေးလာဘ်ယူမှုဖြင့် တရားစွဲဆိုခဲ့သည်။

 

မြို့တော် တီရန်ကျင်းရှိ တရားရုံးတစ်ရုံးက ယမန်နေ့တွင် မန်အား ထောင်ဒဏ်ချမှတ်ခဲ့ပြီး ယွမ် ၂ သန်း သို့ ဒေါ်လာ ၂၉၀,၀၀၀ ပေးဆောင်ရန် အမိန်ချခဲ့သည်။ တရုတ်ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်သည့် စီစီတီဗွီက မန် အနေဖြင့် ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ပစ္စည်းများကို အာဏာအလွဲသုံးပြီး လက်ခံရယူထားကြောင်းကို ၎င်းတရားရင်ဆိုင်နေစဉ်မှာပင် ဖော်ပြခဲ့သည်။

 

ထို့ပြင် မန် သည် အများပြည်သူလုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က လူတစ်ချို့နှင့် ကုမ္ပဏီအချို့ကို မျက်နှာသာပေးမှုများရှိခဲ့ကြောင်းလည်း သိရသည်။

 

လေ့လာသုံးသပ်သူအချို့က မန် ၏ အမှုသည် တရုတ်နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခနှင့်  ဆက်နွယ်နေသည်ဟု သုံးသပ်ထားကြသည်။ ပြင်သစ်၌ ခိုလှုံခွင့်ပြုထားသော မန် ၏ ဇနီးသည်က ၎င်း၏ အမျိုးသားအနေနှင့် တရုတ်နိုင်ငံတွင် နိုင်ငံရေးအရ နှိပ်ကွပ်ခံခဲ့ရကြောင်း ပြောဆိုထားသည်။

 

ဘာသာပြန်-စုရည်

ကိုးကား-အန်အိတ်ချ်ကေ