မုဒုံမြို့နယ်၌ ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်ဒေသထွက် ယိုးဒယားပိန္နဲသီးမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုနှစ် ပိန္နဲသီးလှိုင်လှိုင်ထွက်ရှိချိန်တွင် စျေးကောင်းရရှိနေကြောင်း သိရသည်။