အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲအကြမ်းဖက်မှုများအတွင်း လူခြောက်ဦး သေဆုံး
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ် ပွားခဲ့ရာ လူပေါင်း ၆ဦး သေဆုံးခဲ့သည်။ အတိုက်အခံကိုယ်စားလှယ်လောင်း ပရာဘိုဝိုက မဲလိမ်သည်ဟုဆိုကာ သမ္မတ ဂျိုကိုဝီဒို၏အောင်ပွဲကို ပယ်ချခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


