အီရန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ နှစ်ရက်ကြာရောက်ရှိ
အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရဖ် သည် အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု ကိစ္စကို အထူးအလေးပေးလျက် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးရန်အတွက် ယမန်နေ့နှောင်းပိုင်းက ပါကစ္စတန် နိုင်ငံသို့ နှစ်ရက်ကြာခရီး သွားရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


