ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပြီးလျင် တရုတ်ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်း ထရန့် ဆုံးဖြတ်မည်
ယခုလနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့် ကောက်ခံမှုကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။


