မိုဒီ၏ခရီးစဉ်အတွင်း မော်လ်ဒိုက်နှင့် အိန္ဒိယသဘောတူညီချက် ခြောက်ခု လက်မှတ်ရေးထိုး
မော်လ်ဒိုက်နှင့် အိန္ဒိယနိုင်ငံတို့သည် ကာကွယ်ရေးနှင့် ပင်လယ်ရေကြောင်းအပါအဝင် နယ်ပယ်အသီးသီးတွင် ဆက်ဆံမှုခိုင်မာအားကောင်းစေရန် ယမန်နေ့က သဘောတူညီချက် ခြောက်ခုကိုလက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသန္တရမီဒီယာများက ယနေ့ဖော်ပြခဲ့သည်။


