ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်
ဂျပန်နိုင်ငံ ယနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၆၂ အထိ မြင့်တက်လာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။


