ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်လာသည့်အတွက် ဂရိနိုင်ငံက တစ်နိုင်ငံလုံးကို ပိတ်ဆို့လိုက်ကြောင်း ကြေညာ

ဆီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဦးဆုံး ကူးစက်ခံရသူ တွေ့ရှိ
ဆီးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဦးဆုံး တစ်ယောက်ကို တွေ့ရှိကြောင်း ဆီးရီးယားအစိုးရက မနေ့ညနေပိုင်းက ကြေညာလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းက မတ် ၂၃ရက်နေ့တွင် ရရှိသော ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ နောက်ဆုံးသတင်းများ 

၂၃ မတ်

အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၄၀ ဦး ရှိလာ
အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦးထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့သဖြင့် စုစုပေါင်း ၄၀ ဦး ရှိပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလမှစတင်ကာ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၄၂၁ ဦးရှိလာ
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ယနေ့တွင်  ၄၂၁ ဦး ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ ၃၀၀၀၀ရောက်ရှိ
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ် ဖြစ်ပွားသူပေါင်း ၃၀၀၀၀ အထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း  အမေရိကန်အစိုးရက ပြောကြားခဲ့သည်။