ရိက္ခာ၊ ဆက်ကြေးတာဝန်ခံ AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးအား ဖမ်းဆီးရမိ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ရိက္ခာ၊ ဆက်ကြေးတာဝန်ခံတစ်ဦး လှုပ်ရှားနေကြောင်း သတင်းအရ ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ချက်ပေါက်ကျေးရွာရှိ ဦးကျော်တင်အောင်  ၏နေအိမ်အား ကျေးရွာမှ ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှိ ကွပ်ပျစ်ပေါ်တွင် အနက်ရောင် ပလက်စတစ်အိတ်ဖြင့်ထုတ်ပိုးထားသည့် တရုတ်လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကျောက်ဖြူ၊ ကျောက်တစ်လုံး IDP  စခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ အချိန်ယူ၍ အဆင့်ဆင့်အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး
ကျောက်ဖြူ၊ ကျောက်တစ်လုံး IDPစခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ အချိန်ယူ၍အဆင့်ဆင့် အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အွန်လိုင်းမှ ဆွေးနွေးခဲ့ကြသည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) ခုနှစ် စီမံချက် ရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေ (WHO 2020-2021 program budget) ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Video Conferencing ဖြင့် ပြုလုပ်သည်။
ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့ရှိ လမ်းပေါ်နေ ကလေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်မှ လမ်းပေါ်နေကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံဆော်ရေး အစီအစဉ်များ   ရိုက်ကူးထုတ်လွှင့်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေး
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည့်အစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။