ပင်လည်ဘူးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးနေတိုးနှင့် တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက် နံနက်ပိုင်းက မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


