မန်းရွှေစက်တော် ဘုရားဖူးလာပြည်သူများက တစ်လအတွင်း ကျပ်သိန်းပေါင်း ၂၇၀ဝ ကျော်လှူဒါန်းခဲ့
မင်းဘူး မန်းရွှေစက်တော် ဘုရားဖူးကာလအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးလာပြည်သူက လှူဒါန်းမှုပြုကြရာတွင် ပွဲတော်ဖွင့်လှစ်သည့် ဖေဖော်ဝါရီ ၉ ရက်မှစ၍ မတ် ၈ ရက်အထိ တစ်လတာကာလအတွင်း ကျပ်သိန်းပေါင်း ၂၇၅၆၂၆၄၅၀ ရှိနေပြီဖြစ်ကြောင်းနှင့် အလှူရှင်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် နေ့စဉ်ထုတ်ပြန် ကြေညာပေးနေကြောင်း မန်းရွှေစက်တော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။


