သင်္ကြန်ကာလအတွင်း မှုခင်းမပြစ်ပွားစေရေး ပညာပေးကြော်ငြာဆိုင်းဘုတ် စိုက်ထူ
သရက်-မင်းလှ ကားလမ်းနှင့် မင်းလှ-မင်းဘူး ကားလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက ယခုနှစ်သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် မှုခင်းပညာပေးကြော်ငြာ ဆိုင်းဘုတ်များ စိုက်ထူ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


