လည်ငေါက်ကျေးရွာတွင် မြန်မာ့ရိုးရာ နွားလှည်းဒုန်းမောင်းပြိုင်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာတွင် မြန်မာ့ရိုးရာ နွားလှည်းဒုန်းမောင်းပြိုင်ပွဲကို အတန်းအစား(၃)ခု ခွဲခြားပြီး ကျင်းပလျက်ရှိကြောင်း မြန်မာ့ရိုးရာနွား နွားလှည်း ဒုန်းမောင်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးဆန်းဝင်း၏ ပြောကြားချက်အရ သိရသည်။


