သာယာဝတီ သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အမှာစကားပြောကြားသည်။ အနောက်သပြေကုန်းအသင်းနှင့် လှည်းလမ်းကူးအသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် သာယာဝတီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


