သာယာဝတီမြို့နယ်၌ ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ  ကျင်းပ

သာယာဝတီ   သြဂုတ်   ၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ   အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  ခရိုင်ဘောလုံးအားကစားကွင်း၌  ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အမှာစကားပြောကြားသည်။ အနောက်သပြေကုန်းအသင်းနှင့်  လှည်းလမ်းကူးအသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။        

အဆိုပါဘောလုံးပြိုင်ပွဲတွင် သာယာဝတီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)