ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် AFC U20 Asian Cup China 2027 (Qualifiers)မြန်မာ လက်ရွေးစင် ယူ-၂၀ နှင့် သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းတို့၏ ယှဉ်ပြိုင်နေမှုကြည့်ရှုအားပေး

ရန်ကုန်     ဩဂုတ်     ၃၁

AFC   U20  Asian  Cup  China 2027 (Qualifiers)  မြန်မာလက်ရွေးစင်  ယူ-၂၀  အမျိုးသားအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းတို့သည် ယနေ့ညနေပိုင်းက  ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်   ကာယပညာဦးစီးဌာနမှ  တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ်  အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊   ဘောလုံးပရိသတ်များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးကြပြီး   ပြိုင်ပွဲအပြီးတွင်  မြန်မာလက်ရွေးစင် ယူ-၂၀   အမျိုးသားအသင်းက သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းကို  လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းသည် AFC U20 Asian Cup China 2027(Qualifiers) အုပ်စု(K)တွင် သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်း၊ ဘရူနိုင်းလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့် မော်လ်ဒိုက်လက်ရွေးစင်  ယူ-၂၀ အမျိုးသားအသင်းတို့ဖြင့် ကျရောက်ကာ တစ်ပွဲကစား ရမှတ်သုံးမှတ်ရရှိထားပြီး စက်တင်ဘာ ၃ ရက်တွင် ဘရူနိုင်းလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့် လည်းကောင်း၊  စက်တင်ဘာ  ၆ ရက်တွင် မော်လ်ဒိုက်လက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့်လည်းကောင်း  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)