ရန်ကုန် ဩဂုတ် ၃၁
AFC U20 Asian Cup China 2027 (Qualifiers) မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းတို့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိသတ်များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းက သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းသည် AFC U20 Asian Cup China 2027(Qualifiers) အုပ်စု(K)တွင် သီရိလင်္ကာလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်း၊ ဘရူနိုင်းလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့် မော်လ်ဒိုက်လက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းတို့ဖြင့် ကျရောက်ကာ တစ်ပွဲကစား ရမှတ်သုံးမှတ်ရရှိထားပြီး စက်တင်ဘာ ၃ ရက်တွင် ဘရူနိုင်းလက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့် လည်းကောင်း၊ စက်တင်ဘာ ၆ ရက်တွင် မော်လ်ဒိုက်လက်ရွေးစင် ယူ-၂၀ အမျိုးသားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


