ရေတာရှည်မြို့နယ်၌   အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကျင်းပ

 ရေတာရှည်  ဩဂုတ်  ၂၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အမှာစကားပြောကြားသည်။

 အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အုပ်စု ၈ အုပ်စု၊ အသင်း ၂၄ သင်းဖြင့် ဩဂုတ် ၂၆  ရက်မှ   ၃၁ ရက်အထိ  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)