ရေတာရှည် ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အမှာစကားပြောကြားသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အုပ်စု ၈ အုပ်စု၊ အသင်း ၂၄ သင်းဖြင့် ဩဂုတ် ၂၆ ရက်မှ ၃၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


