ပေကျင်း ဩဂုတ် ၂၀
တရုတ်နိုင်ငံ၏ အာကာသနည်းပညာကုမ္ပဏီသစ်တစ်ခုသည် ဂြိုဟ်တုတစ်စင်းကို အာကာသသို့ ပို့ဆောင်ပြီးနောက် ဒုံးပျံမှခွဲထွက်သွားသည့် အစိတ်အပိုင်းတစ်ခုကို မြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
တရုတ် အာကာသနည်းပညာ ကုမ္ပဏီ LandSpace က ဩဂုတ် ၁၉ ရက်တွင် Zhuque-3 ဒုံးပျံကို နိုင်ငံအတွင်းပိုင်းရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်းတစ်ခုမှ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ပြန်လည်အသုံးပြုနိုင်သည့် ဒုံးပျံအစိတ်အပိုင်းတစ်ခုကို မြေပြင်ပေါ်သို့ အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ရန် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။
ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ဒုံးပျံသည် အင်ဂျင်များကို မီးထွန်းအသုံးပြု၍ ဆင်းသက်မည့်နေရာသို့ ချဉ်းကပ်လာပြီး နောက်ဆုံးတွင် မတ်တပ်ရပ်သည့်အနေအထားဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်ကို တွေ့ရသည်။
အင်န်အိတ်ချ်ကေ


