ပြန်လည်အသုံးပြုနိုင်သည့် ဒုံးပျံနည်းပညာ တရုတ်နည်းပညာကုမ္ပဏီ စမ်းသပ်

ပေကျင်း    ဩဂုတ်    ၂၀

တရုတ်နိုင်ငံ၏ အာကာသနည်းပညာကုမ္ပဏီသစ်တစ်ခုသည် ဂြိုဟ်တုတစ်စင်းကို အာကာသသို့ ပို့ဆောင်ပြီးနောက် ဒုံးပျံမှခွဲထွက်သွားသည့် အစိတ်အပိုင်းတစ်ခုကို မြေပြင်ပေါ်သို့   အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

တရုတ် အာကာသနည်းပညာ ကုမ္ပဏီ LandSpace က ဩဂုတ် ၁၉  ရက်တွင်  Zhuque-3  ဒုံးပျံကို  နိုင်ငံအတွင်းပိုင်းရှိ   ဂြိုဟ်တုလွှတ်တင်ရေးစခန်းတစ်ခုမှ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ပြန်လည်အသုံးပြုနိုင်သည့် ဒုံးပျံအစိတ်အပိုင်းတစ်ခုကို မြေပြင်ပေါ်သို့  အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ရန် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း  ကြေညာခဲ့သည်။

ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ဒုံးပျံသည် အင်ဂျင်များကို  မီးထွန်းအသုံးပြု၍  ဆင်းသက်မည့်နေရာသို့ ချဉ်းကပ်လာပြီး  နောက်ဆုံးတွင် မတ်တပ်ရပ်သည့်အနေအထားဖြင့်  မြေပြင်ပေါ်သို့   ဆင်းသက်ခဲ့သည်ကို တွေ့ရသည်။

အင်န်အိတ်ချ်ကေ