ပေါင်းတည်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ပေါင်းတည်    ဩဂုတ်    ၂၀

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-18 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၁၉ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲကို မွန်းလွဲ ၂ နာရီတွင်  အဂ္ဂအထကခွဲနှင့် ရှားပေါင်အထက(ခွဲ)တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှားပေါင် အထက(ခွဲ)အသင်းက တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆုပေးပွဲတွင် ပထမရရှိသော အသင်းအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီတို့က  ငွေသား‌၊  ရွှေတံဆိပ်ဆုများနှင့်  ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)