ပေါင်းတည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-18 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၁၉ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲကို မွန်းလွဲ ၂ နာရီတွင် အဂ္ဂအထကခွဲနှင့် ရှားပေါင်အထက(ခွဲ)တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှားပေါင် အထက(ခွဲ)အသင်းက တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆုပေးပွဲတွင် ပထမရရှိသော အသင်းအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီတို့က ငွေသား၊ ရွှေတံဆိပ်ဆုများနှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


