မြဝတီ သြဂုတ် ၃၀
ကရင်ပြည်နယ် မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာ အားကစား ပေါင်းစပ်မြှင့်တင်မှု ကျောင်းတွင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ကျောင်းတွင်းဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


