မြဝတီမြို့၌ ကျောင်းတွင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြဝတီ   သြဂုတ်   ၃၀

ကရင်ပြည်နယ် မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင်  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်   ပညာ အားကစား ပေါင်းစပ်မြှင့်တင်မှု   ကျောင်းတွင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့က ကျင်းပသည်။

အခမ်းအနားတွင်  ခရိုင်ပညာရေးမှူးက   အမှာစကားပြောကြားပြီး   ပြိုင်ပွဲဝင် ကျောင်းသား   ကျောင်းသူများက ကွင်းအတွင်းမှ  ပြန်လည်ထွက်ခွာခဲ့ကြသည်။  ထို့နောက် ကျောင်းတွင်းဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို သြဂုတ် ၂၉  ရက်မှ  ၃၀  ရက်အထိ  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)