ကျုံးနှစ်ပတ် စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား အမျိုးသမီး ကျုံးနှစ်ပတ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။