MNL ပွဲစဉ် (၁၅) တွင် ရန်ကုန်နှင့် ရတနာပုံ ထိပ်တိုက်တွေ့ဆုံ
ရန်ကုန် ၄ ဇူလိုင်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဇူလိုင် ၆၊ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အစဉ်အလာရှိသည့်ပြိုင်ဘက်များဖြစ်သော လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။