ရန်ကုန် ၂၄ စက်တင်ဘာ
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၆ နာရီက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့သည်။