Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားတက်ရောက်
နေပြည်တော် ၂၀ ဖေဖော်ဝါရီ
(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း နော်ဝေနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
ကွမ်းလုံမြို့နယ်တွင် လက်နက်/ခဲယမ်းနှင့် ငွေကျပ်သိန်း ၉၆၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
တပ်မတော်မှ ကွမ်းလုံမြို့နယ်၊ နောင်စံဖူးကျေးရွာအနီး၊ ထလုံထန်တောင်ကြော၌ ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီခွဲက ဂမ်ဂျာမောင်းနှင်ပြီး လနန်(ခ)လှနန် လိုက်ပါလာသည့် TOYOTA HILUX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀ဝ၀ဝ ပြား၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၉၆၀ဝ တန်ဖိုးရှိ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 4th ASEAN-India Expo and Summit တက်ရောက်ရန် နယူးဒေလီမြို့သို့ ထွက်ခွာ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် 4th ASEAN - India Expo and Summit သို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား စစ်တွေမြို့၌ကျင်းပ
၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပ
ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan Com)၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံမြို့ရှိ ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်
မြန်မာ - တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
ဖယ်ခုံမြို့နှင့် မိုးမိတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
ဖယ်ခုံမြို့နယ်၊ ကာလကျေးရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းမှ မသန်စွမ်းသူ ၆၁၉ ဦးအား ထောက်ပံ့ကြေးငွေ ၁၈၅ သိန်းကျော်ပေးအပ်
မင်းဘူး(စကု)မြိ်ု့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၆၄ အုပ်စုနှင့် မန်းရေနံမြေနယ်မြေမှ မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။