၁၄ ဖေဖော်ဝါရီ
ဂျာမနီနိုင်ငံ နူရင်ဘတ်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ အဒေါ့ဖ်ဟစ်တလာ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကား ငါးကားဟာ ဝယ်မယ့်သူ မရှာနိုင်ဘူးဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ လေလံပွဲကို နာဇီအထိမ်းအမှတ်ပစ္စည်းတွေ ရောင်းချတယ်ဆိုပြီး လူထုက ဒေါသဖြစ်ခဲ့ပါတယ်။