ဟင်္သာတမြို့နယ်၌ ကုန်စုံဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဇူလိုင် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များအား ရှောင်တခင်စစ်ဆေးကြသည်။

 

ကွင်းဆင်းစစ်ဆေး

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးကျော် ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့ဝင်များက ဘုရားကြီးရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ကနောင်စုရပ်ကွက်များအတွင်းရှိ ဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)