ဟင်္သာတ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များအား ရှောင်တခင်စစ်ဆေးကြသည်။
ကွင်းဆင်းစစ်ဆေး
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးကျော် ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့ဝင်များက ဘုရားကြီးရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ကနောင်စုရပ်ကွက်များအတွင်းရှိ ဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


