ဓမ္မာစရိယစာမေးပွဲ ပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ၇ ဧပြီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၂ ဌာနတို့၌ (ဆဋ္ဌမနေ့)အဖြစ် ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်) စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၂၂၉၄၀ ပါးအနက် ၁၈၈၄၇ ပါး ဖြေဆိုကြ၍ ၈၂ ဒသမ ၁၆ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)