အခြေခံပညာကျောင်းပေါင်းစုံ ခရိုင်အဆင့်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နတ်တလင်း   စက်တင်ဘာ   ၂၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ(U-14) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက   မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် နတ်တလင်းမြို့နယ်အသင်းနှင့်  ဇီးကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် နတ်တလင်းမြို့နယ်အသင်းက အနိုင်ရရှိပြီး  နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးတင်ရွှေက ပထမဆုရရှိသည့် အသင်းအား ဂုဏ်ပြုဆုငွေနှင့်   ဆုဖလားအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးက   ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလည်ဆွဲတို့ကိုလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ဝေယံဖြိုး(ပြန်/ဆက်)