နတ်တလင်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ(U-14) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် နတ်တလင်းမြို့နယ်အသင်းနှင့် ဇီးကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် နတ်တလင်းမြို့နယ်အသင်းက အနိုင်ရရှိပြီး နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက ပထမဆုရရှိသည့် အသင်းအား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလည်ဆွဲတို့ကိုလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


