အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရေးအတွက် ရှမ်းယူနိုက်တက်အသင်း ဒုတိယအကျော့တွင် မဖြစ်မနေအနိုင်ရရန် လိုအပ်

ရန်ကုန်      စက်တင်ဘာ    ၁၃

၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းသည် စက်တင်ဘာ ၁၄ ရက် ညနေ ၆   နာရီတွင် ရန်ကုန်မြို့   သုဝဏ္ဏကွင်း၌   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ခြေစစ်ပွဲအောင်မြင်မည်

ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့တွင် အရေးနိမ့်ထားသဖြင့် ခြေစစ်ပွဲအောင်မြင်ရေး ယနေ့ကစားမည့် ဒုတိယအကျော့တွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ကျော့စလုံး အိမ်ကွင်းကစားရသော်လည်း စက်တင်ဘာ ၁၁ ရက်က ကစားသည့် ပထမအကျော့တွင် မထင်မှတ်ဘဲ သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယအကျော့တွင် နှစ်ဂိုးပြတ်အနိုင်ရမှသာ  ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး တစ်ဂိုးအသာဖြင့်သာ အနိုင်ရပါက အချိန်ပို ဆက်လက်ကစားရမည်ဖြစ်သည်။ လာအိုကလပ် Ezra အသင်းသည် ဒုတိယအကျော့တွင် သရေ သို့မဟုတ် အနိုင်ကစားနိုင်ပါက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့တွင် ကစားပုံလိုအပ်ချက်ရှိသည့်အပြင် သွင်းဂိုးများ လွယ်လွယ်ကူကူခွင့်ပြုခဲ့ရသဖြင့် ဒုတိယအကျော့တွင်  ရလဒ်ကောင်းရယူနိုင်ရန်  ပြင်ဆင်မှုများစွာ ပြုလုပ်ရမည်ဖြစ်သည်။                                        

သတင်း-မောင်ညီ

ဓာတ်ပုံ-စိုးညွန့်သော်