ရန်ကုန် စက်တင်ဘာ ၁၃
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းသည် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ခြေစစ်ပွဲအောင်မြင်မည်
ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့တွင် အရေးနိမ့်ထားသဖြင့် ခြေစစ်ပွဲအောင်မြင်ရေး ယနေ့ကစားမည့် ဒုတိယအကျော့တွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ကျော့စလုံး အိမ်ကွင်းကစားရသော်လည်း စက်တင်ဘာ ၁၁ ရက်က ကစားသည့် ပထမအကျော့တွင် မထင်မှတ်ဘဲ သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယအကျော့တွင် နှစ်ဂိုးပြတ်အနိုင်ရမှသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး တစ်ဂိုးအသာဖြင့်သာ အနိုင်ရပါက အချိန်ပို ဆက်လက်ကစားရမည်ဖြစ်သည်။ လာအိုကလပ် Ezra အသင်းသည် ဒုတိယအကျော့တွင် သရေ သို့မဟုတ် အနိုင်ကစားနိုင်ပါက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့တွင် ကစားပုံလိုအပ်ချက်ရှိသည့်အပြင် သွင်းဂိုးများ လွယ်လွယ်ကူကူခွင့်ပြုခဲ့ရသဖြင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ရမည်ဖြစ်သည်။
သတင်း-မောင်ညီ
ဓာတ်ပုံ-စိုးညွန့်သော်


