မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနုပညာဦးစီးဌာန အမျိုးသားကဇာတ်ရုံ (မန္တလေး) ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်


မန္တလေး နိုဝင်ဘာ ၂၈

 

မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနုပညာဦးစီးဌာန အမျိုးသားကဇာတ်ရုံ (မန္တလေး) ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ယနေ့မွန်းလွဲပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေးကောင်းမွန်ပြီး ရေရှည်ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြင်ဆင်ထိန်းသိမ်းထားရှိသည့် မြနန်းစံကျော်ရွှေနန်းတော်ကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများ၌ ဆေးရောင်ယိုယွင်းမှုများ ဖြစ်ပေါ်နေသည့်နေရာများကို မူလအရောင်အတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ အဆောက်အအုံများအတွင်း အလင်းရောင်ပိုမိုရရှိစေရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ပြည်ပဧည့်သည်များ လာရောက်လေ့လာရာတွင် အဆင်ပြေမှုရှိစေရန်အတွက် ဆိုင်းဘုတ်စာသားဖော်ပြချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြရန် မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

 

အလားတူ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) နှင့် မဟာအတုလဝေယံ (အတုမရှိကျောင်း) ထိန်းသိမ်းထားရှိမှု၊ ရတနာပုံခန်းမ၌ အခမ်းအနားများ ကျင်းပနိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်