၂၀၂၆ Esports World Cup ပြိုင်ပွဲ Mobile Legends: Bang Bang ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု  Yangon Galacticos အသင်း ဒုတိယဆုရရှိ

ရန်ကုန်   ဩဂုတ်   ၂

ပြင်သစ်နိုင်ငံ၌ကျင်းပသည့် ၂၀၂၆ Esports World Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသည်  Mobile Legends: Bang Bang ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။

Mobile Legends: Bang Bang   ပြိုင်ပွဲတွင်  နိုင်ငံပေါင်းစုံမှ အသင်းများ  ပါဝင်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသည် အုပ်စုအဆင့်တွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ကမ္ဘောဒီးယားအသင်းဖြစ်သော PRO Esports အသင်းကို ၃-၀ ပွဲ၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်အသင်းဖြစ်သော Team Falcons PH အသင်းကို ၃-၂ ပွဲဖြင့် အနိုင်ရရှိကာ Grand Final တက်ရောက်နိုင်ခဲ့သည်။ Grand Final တွင် ရုရှားအသင်းဖြစ်သော Team Spirit  အသင်းကို ၄-၃  ပွဲဖြင့်  အရေးနိမ့်ကာ  ဒုတိယဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်  ရုရှားအသင်းဖြစ်သော Team Spirit  အသင်းက ဆုကြေး ဒေါ်လာတစ်သန်း၊ ဒုတိယဆုရရှိသော   မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းက ဆုကြေး ဒေါ်လာငါးသိန်းရရှိခဲ့ကြောင်း သိရသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - Yangon Galacticos