ရန်ကုန် ဩဂုတ် ၂
ပြင်သစ်နိုင်ငံ၌ကျင်းပသည့် ၂၀၂၆ Esports World Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသည် Mobile Legends: Bang Bang ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။
Mobile Legends: Bang Bang ပြိုင်ပွဲတွင် နိုင်ငံပေါင်းစုံမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသည် အုပ်စုအဆင့်တွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ကမ္ဘောဒီးယားအသင်းဖြစ်သော PRO Esports အသင်းကို ၃-၀ ပွဲ၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်အသင်းဖြစ်သော Team Falcons PH အသင်းကို ၃-၂ ပွဲဖြင့် အနိုင်ရရှိကာ Grand Final တက်ရောက်နိုင်ခဲ့သည်။ Grand Final တွင် ရုရှားအသင်းဖြစ်သော Team Spirit အသင်းကို ၄-၃ ပွဲဖြင့် အရေးနိမ့်ကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရုရှားအသင်းဖြစ်သော Team Spirit အသင်းက ဆုကြေး ဒေါ်လာတစ်သန်း၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းက ဆုကြေး ဒေါ်လာငါးသိန်းရရှိခဲ့ကြောင်း သိရသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - Yangon Galacticos


