ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

၇ နိုဝင်ဘာ

 

ပေါ်တူဂီသမ္မတက နိုင်ငံအတွင်း ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို လာမယ့်သီတင်းပတ်မှာ စတင်မယ်လို့ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

အရေးပေါ်အခြေအနေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်း အသစ်တွေ ချမှတ်ရန် ဒီနေ့ (စနေနေ့) မှ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပမယ့် လို့ သိရပါတယ်။

 

သမ္မတ မာဆယ်လို ရီဘယ်လို ဒီ ဆိုဆာ က ကျန်းမာရေးဆိုင်ရာ အရေးအပေါ်အခြေအနေကို ဒုတိယအကြိမ် ကြေညာမှာဖြစ်ပြီး အဲဒီအမိန့်ဟာ အနည်းဆုံး သီတင်းနှှစ်ပတ်ကြာမှာ ဖြစ်ကြောင်း၊ တခြားဉရောပ နိုင်ငံတွေလိုပဲ ညမထွက်ရအမိန့်လည်း ပါဝင်နိုင်ကြောင်းနဲ့ တချို့နေရာတွေမှာ လူတွေကို အပူချိန်တိုင်းတာတွေပါ လုပ်ဆောင်နိုင်ကြောင်း ပြောပါတယ်။

 

ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၅,၅၅၀ ဦးနဲ့ သေဆုံး ၅၂ ဦးရှိကြာင်း သိရပါတယ်။ 

 

ပထမလှိုင်းအတွင်းမှာ ပေါ်တူဂီနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို သီတင်း ၆ ပတ်တိတိ ထုတ်ပြန်ခဲ့ပါတယ်။

 

ပေါ်တီဂီနိုင်ငံသာ ၇.၁ သန်းဟာ လက်ရှိအချိန်မှာ နေအိမ်တွေမှာနေထိုင်ရန် နဲ့ အလုပ်ကို ဖြစ်နိုင်ရင် နေအိမ်မှာပဲ လုပ်ဆောင်စည်းကမ်းချမှတ်ထားပြီး ဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုး ပထမလှိုင်းနဲ့ မတူဘဲ ကျောင်းတွေကို ဆက်လက်ဖွင့်ထားသလို ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ဆက်လက်ဖွင့်ထားပါတယ်။

 

ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူစုစုပေါင်း ၁၆၇,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂,၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။ 

 

MDN

ကိုးကား - AFP