နေပြည်တော် ၂၂ စက်တင်ဘာ
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅၉၃ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၆၇၄၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၆၇၄၃ ဦးအနက် သေဆုံးသူ ၁၁၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၅၁ ဦးနှင့် စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၇၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်