အမေရိကန် ပြည်ထောင်စုတွင် ကလေးငယ် ငါးသိန်းခွဲ ကိုဗစ်-၁၉ ကူးစက်ခံနေရ

၁၆ စက်တင်ဘာ

 

 

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားပြီးချိန် နောက်ပိုင်းမှစပြီး  ကလေးငယ်ပေါင်း ၅၅၀၀၀၀ နီးပါး ရောဂါကူးစက် ခံခဲ့ရကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံ အသင်း၏ အစီရင်ခံစာသစ် တစ်ခုတွင် ဖော်ပြထားသည်။

 

 

ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၁၀ရက်နေ့အထိ ကလေးငယ်များကြား ကူးစက်မှု အသစ် ၇၂၉၉၃ ခုရှိခဲ့ပြီး အခြား ရက်သတ္တပတ်နှစ်ပတ် နှင့် နှိုင်းယှဉ်ပါက  ၁၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း သိရှိရသည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် လက်ရှိအချိန်ထိ ကလေးငယ်စုစုပေါင်း ၅၄၉၄၃၂ မှာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံခဲ့ရပြီး ကူးစက်မှုအားလုံး၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း အဆိုပါ အစီရင်ခံတွင် ဖော်ပြထားသည်။ 

 

 

အမေရိကန်ပြည်ထောင်စုရှိ လူဉီးရေ တစ်သိန်းလျှင် ကလေးငယ် ၇၂၉ ဉီး ကူးစက်ခံနေရသည် ဖော်ပြထားသည်။

 

 

ဆေးရုံတက်ရောက်ရသော လူနာစုစုပေါင်း ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းထိမှာ ကလေးငယ်များဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးများ၏ ဒသမ ၃ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်ကြသည်။

 

 

ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ၊ စမ်းသပ်မှုများ၊ ဆေးရုံတင် ကုသမှုများ၊ အသက်အရွယ် သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ် အစီရင်ခံ တင်ပြသင့်ကြောင်း သို့မှသာ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကလေးငယ်များအပေါ် ကျန်းမာရေး အကျိုးသက်ရောက်မှုများကို သေချာ မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn