ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုမှ ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ ဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

ပဲခူး ၁၆ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ် ဧည့်ခန်းမတွင် ယနေ့ နံနက်၉ နာရီက ဝန်ကြီးချုပ်ဦးဝင်းသိန်းမိသားစုက ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns)ဝယ်ယူရန်အတွက် အလှူငွေ‌ပေးအပ်လှူဒါန်းကြောင်းသိရသည်။

 

လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်၊ သားမောင်ဆက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုတို့က သမီးမယွန်းဟေမာန်၏(၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns) ဝယ်ယူရန်အတွက် အလှူငွေ‌ကျပ်(၅)သိန်းနှင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်လူနာများ သုံးဆောင်နိုင်ရန်အတွက် ခေါက်ဆွဲ‌ခြောက်ဖာများအား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)